မိတ်ဆက်စာ

ကုမုဒြာ(အမှောင်)ဆိုက်မှ လာရောက်လည်ပတ်သူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကုမုဒြာ(အမှောင်)ဆိုက်သည် သရဲ၊တစ္ဆေနှင့်ပတ်သက်သည့်ဇာတ်...

www.kumurar-dark.tk ဒီလင့်ဖြင့်လည်း ၀င်နိုင်ပါသည်

Friday

Crimson Peak(2015)


IMDB Rating : 6.7/10
Genre : Drama, Fantasy, Horror
Duration : 119 mins
Director: Guillermo del Toro
Stars: Mia Wasikowska, Jessica Chastain, Tom Hiddleston


ဒီနေ့တော့ အသည်းတလှပ်လှပ်၊ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် အချစ်နဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပါတဲ့ ဂေါ့သစ်ဇာတ်လမ်းလေးကို ခံစားကြည့်ဖို့ ဖော်ပြပေး လိုက်ပါတယ်။
ဇာတ်လမ်းအစမှာ ၂၀ ရာစု အစောပိုင်းကာလမြင်ကွင်းနဲ့အ တူ အိဒစ်ဆိုတဲ့ မိန်းကလေးကို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့အမေ က ကြက်သွေးရောင်တောင်ထိပ် ကို ဝေးဝေးရှောင်ဖို့ ဝိညာဉ်အဖြစ် နဲ့လာပြီး သတိပေးခဲ့ပါတယ်။ ၁၄ နှစ်ကြာပြီးနောက် အိဒစ်ဟာ သရဲ ဝတ္ထုတွေရေးရတာကို သဘောကျပေမယ့် အယ်ဒီတာအကြိုက် အချစ်ဝတ္ထုတွေပဲ ရေးနေရတဲ့ တက်သစ်စ စာရေးဆရာမလေး ဖြစ်နေပါပြီ။
တစ်ရက်မှာတော့ မြေထည် လုပ်ငန်းလုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူရှာနေတဲ့ အင်္ဂလိပ်မင်း မျိုးရိုးနွယ်ဝင် ဆာသောမတ်ရှာ့ပ် ဆိုသူနဲ့ အိဒစ်ဆုံခဲ့ပါတယ်။ ဆာ သောမတ်ရဲ့ပုံစံကို သဘောမကျ တဲ့ အိဒစ်ရဲ့အဖေက အဲဒီလုပ်ငန်း မှာ ရင်းနှီးမြှုပ်နှံဖို့ ငြင်းဆန်ခဲ့ပါ တယ်။ ဆာသောမတ်ဟာ အဖိုး တန်ဝတ်ကောင်းစားလှတွေ ဝတ် ဆင်ထားပေမယ့် ခေတ်ဟောင်း ဖက်ရှင်ဒီဇိုင်းဖြစ်နေတာကို အိဒစ် သတိထားမိခဲ့ပါတယ်။ တိုက်ဆိုင် စွာနဲ့ပဲ သူ့အမေရဲ့ ဝိညာဉ်ပြန်ပေါ် လာပြီး ကြက်သွေးရောင်တောင် ထိပ်ကို ဝေးဝေးရှောင်ဖို့ ထပ်ပြီး သတိပေးခဲ့ပါတယ်။
နောက်တော့ အိဒစ်ဟာ ဆာသောမတ်နဲ့ ချစ်သူတွေဖြစ်သွားခဲ့ တာကြောင့် ဆာသောမတ်ကို သဘောမတွေ့တဲ့ အိဒစ်ရဲ့အဖေ ဟာ အလွတ်စုံထောက် တစ် ယောက်ငှားပြီး ဆာသောမတ်နဲ့ ပတ်သက်တဲ့ နောက်ကြောင်းတွေ စုံစမ်းခိုင်းခဲ့ပါတယ်။ အကြောင်း စုံသိသွားတဲ့ အိဒစ်ရဲ့အဖေဟာ ရှာ့ပ်အသိုင်းအဝိုင်းနဲ့ ထိပ်တိုက် တွေ့ဆုံပြီး သူ့သမီးနဲ့ လမ်းခွဲပေးဖို့ နဲ့ နယူးယောက်ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ်။ အဲဒီလိုတွေဖြစ် ပြီးတဲ့နောက် ဆာသောမတ်ဟာ အိဒစ်နဲ့ ချက်ချင်းကိုအဆက်ဖြတ် ပစ်ခဲ့ပေမယ့် နောက်ရက်မှာတော့ စာရေးပြီး အခြေအနေကို ရှင်းပြခဲ့ ပါတယ်။ တစ်ရက်မှာတော့ အိဒစ် ရဲ့အဖေဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး အများအမြင်မှာ တော့ အက်ဆီးဒင့်ဖြစ်ပြီး သေ သွားသလိုဖြစ်ခဲ့ပါတယ်။ အဖေ ဆုံးပြီးတဲ့နောက် အိဒစ်ဟာ သူ ချစ်တဲ့ ဆာသောမတ်နဲ့ လက်ထပ် ခဲ့ပြီး အင်္ဂလန်ကို လိုက်သွားခဲ့ပါ တယ်။
အင်္ဂလန်မှာရှိတဲ့ ရှာ့ပ်မိသား စုပိုင် ဟောင်းနွမ်းစပြုနေတဲ့ အိမ် ကြီးရခိုင်ကို ရောက်တဲ့အခါမှာ ဆာသောမတ်ရဲ့ ညီမလူစီဟာ ယောက်မဖြစ်တဲ့ အိဒစ်ကို အေးတိ အေးစက် ခပ်စိမ်းစိမ်းပုံစံနဲ့ ကြိုဆို ခဲ့ပါတယ်။
အဲဒီအိမ်ကိုရောက်တာနဲ့ အိဒစ်ဟာ ကြောက်စရာ ကောင်းတဲ့ ဝိညာဉ်တွေကို တွေ့ရသလို သူ့အမေရဲ့ ဝိညာဉ်ကလည်း အရင်လိုပဲ သတိပေးတာကြုံရပြန်ပါတယ်။ အိဒစ်ကို စိတ်အပြောင်းအလဲဖြစ်အောင် ဆာသောမတ်က မြို့ထဲကို ခေါ်သွားခဲ့ပြီး နောက်နေ့မနက်မှ အိမ်ပြန်လာတဲ့အခါ လူစီက ဒေါသတွေထွက်နေတာကြောင့် အိဒစ်ထိတ်လန့်ခဲ့ရပါတယ်။ ဆာသောမတ်က သူတို့ရဲ့ အိမ်နေရာမှာ တစ်ခါတစ်ရံ ကြက်သွေးရောင်ရှိတဲ့ မြေကြီးတွေ နှင်း တွေကြားထဲက ပေါ်လာတတ်လို့ကြက်သွေးရောင်တောင်ထိပ်လို့ ခေါ်ကြကြောင်း ပြောပြအပြီးမှာတော့ အိဒစ်တစ်ယောက် သွေး ဆုတ်ဖြူရော်လာပြီး ချောင်းဆိုးသွေးပါလာတာမျိုးတောင် ဖြစ်လာပါတော့တယ်။
ထူးဆန်းတဲ့အရာတွေ ပြည့်နှက်နေတဲ့ ရှာ့ပ်မိသားစုပိုင် အိမ်ကြီးအကြောင်းကို အိဒစ်စူးစမ်းရင်း ဆာသောမတ်ဟာ လူချမ်းသာ အမျိုးသမီးသုံးဦးနဲ့ လက်ထပ်ခဲ့ဖူးကြောင်းပါ သိခဲ့ရပြီး အဲဒီ အမျိုးသမီးသုံးဦးကို အဆိပ်ခတ်သတ်ပြီး အမွေတွေ ယူခဲ့ကြောင်းကိုပါ သိခဲ့ပါတယ်။
ရှာ့ပ်မိသားစုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အိဒစ်သိသွားတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မှာလဲ။ ဝိညာဉ်တွေ ပြည့်နှက်နေတဲ့ ကြက်သွေးရောင် တောင်ထိပ်ကနေ အိဒစ် တစ်ယောက် လွတ်မြောက်နိုင်ပါ့မလားဆိုတော့ ဆက်လက်ပြီး ကြည့်ကြပါဦး။
credit – http://www.7daydaily.com/
Review credit – www.7daydaily.com
မြန်မာစာတမ်းထိုး – mmsubtitles
Encoder – Lynn Lynn Laat
Download

No comments:

Post a Comment

Banner Ads