မိတ်ဆက်စာ

ကုမုဒြာ(အမှောင်)ဆိုက်မှ လာရောက်လည်ပတ်သူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကုမုဒြာ(အမှောင်)ဆိုက်သည် သရဲ၊တစ္ဆေနှင့်ပတ်သက်သည့်ဇာတ်...

www.kumurar-dark.tk ဒီလင့်ဖြင့်လည်း ၀င်နိုင်ပါသည်

Friday

It Follows(2014)


IMDB Rating : 6.9 /10
Genre : Horror, Mystery, Thriller
Duration : 100 mins
Director: David Robert Mitchell
Stars: Maika Monroe, Keir Gilchrist, Olivia Luccardi


Jay ဆိုတဲ့ မိန်းကလေးဟာ သူနဲ့တွဲနေတဲ့ အမျိုးသားဆီကနေ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာတစ်ခု လက်ခံလိုက်ရတယ်။ ကျိန်စာသင့်သူဆီကို မကောင်းဆိုးဝါးက နေရာမရွေး အချိန်မရွေး လိုက်လံသတ်ဖြတ်မှာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးဟာ ထူးခြားတဲ့ အသွင်မရှိဘဲ သာမန်လူတစ်ယောက် ပုံစံနဲ့ပဲ ကျိန်စာသင့်သူနောက်ကို လိုက်နေမှာပါ။ သူဟာ အသိတစ်ယောက်လည်း ဖြစ်ရင် ဖြစ်နေမယ်။ သူစိမ်းတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ ကျိန်စာသင့်သူထံကို ပုံမှန်လမ်းလျှောက်နှုန်းနဲ့ တရွေ့ရွေ့ ချဉ်းကပ်လာနေမှာ ဖြစ်တယ်။
ထူးခြားတာက ကိုယ့်နောက်ကို တကောက်ကောက်လိုက်နေတဲ့ မကောင်းဆိုးဝါးကို ကျိန်စာသင့်သူက လွဲရင် ဘယ်သူမှ မမြင်နိုင်ပါဘူး။ Jay ဟာ ဘယ်နေရာရောက်ရောက် ကျီးလန့်စာစားနေရပြီး သူမထံကို ဦးတည်ပြီး တရွေ့ရွေ့လမ်းလျှောက်လာသူတစ်ယောက်ကို မြင်လိုက်တာနဲ့ ဘေးမှာရှိတဲ့သူတွေကို “ဟိုမှာ လာနေတဲ့လူကို မြင်လား” လို့ ကမန်းကတန်းမေးရပါတယ်။ ဘေးကလူတွေက မမြင်ရဘူးဆိုရင်တော့ ခြေကုန်သုတ်ပြီး အမြန် ပြေးရတော့တာပဲ။
ကိုယ့်နောက်ကို မသေမချင်းလိုက်သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးရဲ့ ရန်နဲ့ ကျိန်စာဆိုးရဲ့ စက်ကွင်းကနေ လွတမြောက်ဖို့ Jay နဲ့ သူငယ်ချင်းတစ်စု ဘယ်လိုကြိုးစားကြမလဲ ဆိုတာတော့…။ ကြည့်ဖူးနေကျ သရဲကားတွေလို ပြူးတူးပြဲတဲနဲ့ အထိတ်တလန့်ဖြစ်အောင် ချောက်လှန့်တာမျိုးမဟုတ်ဘဲ နေ့ခင်းကြောင်တောင် လူပုံအလယ်မှာတောင် တစိမ့်စိမ့်နဲ့ ကျောချမ်းလာစေတဲ့ ရသကို ကြည့်ရှုများလည်း ခံစားရမှာပါ။

It Follows က သာမန်ပိုစတာကြည့်ပြီး ကောင်းမယ်လို့ထင်ရတဲကားမဟုတ်သလို မင်းသားမင်းသမီး တွေကလည်း ထူးခြားလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်ပရိသပ်ကြားမှာတော့ စကားထဲထည့်ပြောရလောက်တဲ့  Horror ကားကောင်းကောင်း တစ်ကားပါ။
Review Credit – MOVIE MAG Myanmar
မြန်မာစာတမ်းထိုး – Crescent Traslation Group
Encoder Lynn Lynn Latt
Download 

No comments:

Post a Comment

Banner Ads