မိတ်ဆက်စာ

ကုမုဒြာ(အမှောင်)ဆိုက်မှ လာရောက်လည်ပတ်သူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကုမုဒြာ(အမှောင်)ဆိုက်သည် သရဲ၊တစ္ဆေနှင့်ပတ်သက်သည့်ဇာတ်...

www.kumurar-dark.tk ဒီလင့်ဖြင့်လည်း ၀င်နိုင်ပါသည်

Friday

Scouts Guide to the Zombie Apocalypse (2015)


IMDB Rating : 6.3/10
Genre :  ComedyAction ,Horror
Duration : 93 min
Director: Christopher Landon
Stars: Tye Sheridan, Logan Miller, Joey Morgan


ဒီနေ့  ကြည့်ဖို့ကိုတော့အမေရိကန်ဇာတ်ကား လေးအကြောင်း ဖော်ပြပေးချင်ပါ တယ်။ ထိတ်လန့်စရာ၊ ဟာသ၊ အက်ရှင်ရသစုံကို တစ်ပြိုင်တည်း ခံစားရမှာမို့ ပရိသတ်တွေ နှစ် သက်ကြမယ်ထင်ပါတယ်။
ဘန်၊ ကာတာနဲ့ အော်ဂီတို့ ဟာ ကင်းထောက်လူငယ်လေး တွေဖြစ်ပြီး ကင်းထောက်အဖွဲ့ ခေါင်းဆောင် ရော်ဂျာရဲ့ စေခိုင်း ချက်အရ အဖွဲ့ဝင်သစ်တွေ လိုက် ရှာခဲ့ပါတယ်။ အော်ဂီကတော့ ကင်းထောက်လုပ်ရတာကို အရမ်းသဘောကျပေမယ့် ဘန်နဲ့ ကာ တာအတွက်ကတော့ ဒုတိယဦး စားပေးအဆင့်လောက်ပဲရှိတာ ပါ။ တစ်ရက်မှာတော့ ဘန်ကား မောင်းလာရင်း သမင်တစ် ကောင်ကို ၀င်တိုက်မိခဲ့ပြီး ကာ တာ့ညီမကန်ဒေါနဲ့ သူငယ်ချင်း တွေရဲ့ အကူအညီနဲ့ သမင်သေကို ရှင်းဖို့လုပ်ပေမယ့် သမင်သေဟာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးခဲ့ပါ တယ်။နောက်တော့ ဘန်နဲ့ ကာ
တာဟာ စီနီယာတွေရဲ့ လျှို့ဝှက်ပါတီဆိုတဲ့ အဖော်အချွတ်ကလပ်တစ်ခုကို ဖိတ်ကြားခြင်းခံရပြီး အဲဒီကလပ်က ဒန်းနိစ်ဆိုတဲ့ အဖော် အချွတ်လည်း ကတဲ့စားပွဲထိုးမမ တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီနောက် အော်ဂီရှိတဲ့ တောထဲ စခန်းကို နှစ်ယောက်သားပြန်ခဲ့ကြပြီး အိပ်ရာဝင်ခဲ့ကြပါတယ်။ ဘန်နဲ့ ကာတာဟာ အော်ဂီမသိ အောင်ပါတီပွဲကို တိတ်တဆိတ် သွားဖို့ လုပ်ပေမယ့် အော်ဂီသိ သွားပြီး သူတို့နှစ်ယောက်ကို အ ကြီးအကျယ်စိတ်ပျက်သွားခဲ့ပ တယ်။ ဘန်နဲ့ ကာတာတို့ အဖော်အချွတ်ကလပ်ကို ထပ်သွားတဲ့အခါမှာ ထူးဆန်းစွာနဲ့ လူတစ်ယောက်မှ မရှိတာကို သတိထားမိခဲ့ပါတယ်။ အဲဒီမှာ အဖော်အချွတ်မယ်တစ်ယောက်ထွက်လာပြီး ကာတာ့ကို ငေးနေတုန်း အဲဒီ အမျိုးသမီးက ဇမ်ဘီဖြစ်နေတာ သတိထားမိခဲ့ပြီး တခြားဇမ်ဘီ တစ်ယောက်က ၀င်တိုက်ခိုက်တုန်း ဒန်းနိစ်က သေနတ်နဲ့ ပစ်ပြီးကယ်ဆယ်ခဲ့ရပါတယ်။ အော်ဂီ ကလည်း သူတို့အဖွဲ့ခေါင်းဆောင် ရော်ဂျာပျောက်နေတဲ့အတွက် အိမ်ကို သွားရှာတဲ့အခါ ဇမ်ဘီဖြစ်နေတဲ့ ရော်ဂျာနဲ့ ဆုံခဲ့ရပါတော့တယ်။
တစ်မြို့လုံး ဇမ်ဘီအန္တရာယ် ကြုံနေရတဲ့အကြောင်း ဘန်၊ ကာတာနဲ့ ဒန်းနိစ်တို့ ရဲစခန်းကို သွားပြောခဲ့ပေမယ့် ရဲစခန်းက လူတွေလည်း ဇမ်ဘီတွေဖြစ်နေတာ တွေ့ခဲ့ရလို့ ထွက်ပြေးလာရင်း အော်ဂီနဲ့လည်း လမ်းမှာ ဆုံမိပြီး လေးယောက်သားထွက်ပြေးခဲ့ရပါတယ်။ ဇမ်ဘီဇာတ်ကားဆိုရင် ကြောက်စရာ ဇာတ်ကွက်တွေချည်းမြင်နေကျဖြစ်ပေမယ့် ဒီဇာတ်ကားမှာတော့ သူတို့လေးယောက်နဲ့ ဇမ်ဘီတွေ့ဆုံတဲ့အခါအလွဲလေး တွေ၊ ဟာသ ပုံစံလေးတွေ ပါတာမို့ ကြောက်တတ်သူတွေပါ ကြည့်လို့အဆင်ပြေမယ် ထင်ပါတယ်။
ဘန်တို့ လေးယောက်နဲ့ ဇမ် ဘီတွေအများကြီးနဲ့ဆုံတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊ တစ်မြို့လုံးမှာ ကျန်နေသူတွေကို ဇမ်ဘီတွေလက်က ကယ်နိုင်မှာလားဆိုတာ ကိုယ်တိုင်ဆက်ကြည့်လိုက်ကြပါဦး။ ဒီဇာတ်ကားမှာ ဘန်အဖြစ် တိုင်ရှရီဒန်၊ ကာတာအဖြစ် လိုဂန်မစ်လာ၊ အော်ဂီအဖြစ် ဂျိုဝီ မော်ဂန်၊ ဒန်းနိစ်အဖြစ် ဆာရာဒူ မော့န်တို့က သရုပ်ဆောင်ထား ကြတာပါ။
Review credit – www.7daydaily.com
မြန်မာစာတမ်းထိုး –  mmsubtitles
Encoder – Lynn Lynn Laat
Download

No comments:

Post a Comment

Banner Ads